ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ်  ကင်းရှင်းရေးမှတ်စု [အေးငြိမ်း (လေးမျက်နှာ)]

အေးငြိမ်း(လေးမျက်နှာ)

ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးမှတ်စု [အေးငြိမ်း (လေးမျက်နှာ)]

12000 MMK
Out of stock
Publisher
ISBN
Pages
136
Wishlist View cart

ဆောင်လုပ်ရေးလုပ်ငန်းများအတွက် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးမှတ်စု

========================

စင်ကာပူနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသော ဝပ်ပါမစ် (Work Permit) လုပ်သားများနှင့် မြန်မာနိုင်ငံမှ စင်ကာပူသို့ ဝပ်ပါမစ်ဖြင့် သွားရောက်လုပ်ကိုင်လိုသူ မြန်မာများအတွက် အထောက်အကူဖြစ်စေမည့် ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်း ဖော်ပြထားသည်။

ဆောက်လုပ်ရေးလုပ်သားများနှင့် လုပ်ငန်းရှင်များအနေဖြင့် မဖြစ်မနေ သိရှိထားရန်လိုအပ်သော ဆောက်လုပ်ရေး လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးနှင့် အမြင့်တွင် အလုပ်လုပ်ခြင်းအတွက် လိုက်နာရမည့် အန္တရာယ်ကင်းရေး စည်းမျဉ်းစည်းကမ်းများလည်း ပါဝင်သည်။

စင်ကာပူဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက် လုပ်ကိုင်သူတိုင်း သိမှတ်ထားရမည့် eCSOC (Enhanced Construction Safety Orientation Course) သင်တန်းမှတ်စုနှင့် အလုပ်လုပ်ခွင့်ရရေးအတွက် ဖြေဆိုရသော မှားမှန်ရောထွေး၊ အမှန်ရွေး (MCQ - Multiple Choice Question) စာမေးပွဲကို ဖြေဆိုရာတွင် အထောက်အကူ ဖြစ်စေမည့် အကြောင်းအရာများကို ဖော်ပြထားသည်။

ယခင်က CSOC လက်မှတ်ရှိပြီး လက်ရှိ အလုပ်လုပ်နေသူများအနေဖြင့် လက်ရှိ CSOC လက်မှတ် သက်တမ်း ကုန်သည်အထိ ဆက်လက် လုပ်ကိုင်နိုင်ပြီး ထိုလက်မှတ် သက်တမ်းကုန်သည့်အခါတွင်မူ eCSOC နှစ်ရက် သင်တန်းကို တက်ရပါလိမ့်မည်။ မိမိကိုယ်ကိုယ် ယုံကြည်စိတ်ချသူများအနေနှင့်မူ သင်တန်းမတက်ဘဲ စာမေးပွဲဝင်ဖြေနိုင်ပါသည်။ ထိုသို့ စာမေးပွဲဖြေနိုင်ရေးအတွက် လိုအပ်သော အကြောင်းအရာများကို လိုတိုရှင်း ဖော်ပြထားသည်။

ဤစာအုပ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် Enhanced CSOC သင်တန်းစာအုပ်ကို လေ့လာရာတွင် အထောက်အကူ ပြုစေရန်အတွက် အခန်း (၁၉) ခန်းဖြင့် သင်တန်းမှတ်စုသဖွယ် ထုတ်နုတ် စုစည်းတင်ပြထားသည်။

သက်ဆိုင်ရာနေရာတိုင်းတွင် သရုပ်ဖော်ပုံပေါင်းများစွာကို လေးရောင်ခြယ်ရုပ်ပုံ၊ ဓာတ်ပုံများဖြင့် ဖော်ပြပေးထားသည်။

ဤစာအုပ်သည် စင်ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် enhanced CSOC သင်တန်းမျှသာမက မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်ကိုင်နေသူများအားလုံးအတွက်ပါ အသုံးဝင်ပါလိမ့်မည်။

(Comment တွင်မာတိကာ ဖော်ပြထားပါသည်။)

=======================

စာရေးသူ–အေးငြိမ်း(လေးမျက်နှာ

စာမျက်နှာ–136

-----------------------------------------------------

Reviews

Customer reviews for this title will appear here once the reviews API is available. Home-page testimonials are configured separately for now.